34th NCA-S EAO UPDJC meeting held through online video conference today

  • Topics:

    34th NCA-S EAO UPDJC meeting held through online video conference today

  • Location:

    NCA-S EAO Office, Yangon, Yangon

  • Category:

    UPDJC

  • Start Date:

    November 18, 2020 10:00 AM

  • End Date:

    November 18, 2020 04:00 PM

  • Share:

Description

34th NCA-S EAO UPDJC meeting has been holding through online video conference since this morning. Col. Sai Ngern, the team leader of NCA-S EAO UPDJC delivered the opening remarks at the beginning of the meeting. The opening remarks of Col. Sai Ngern is expressed below:


(၃၄) ကြိမ်မြောက် EAO UPDJC အစည်းအဝေးတွင် ပြောကြားသည့် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ နှုတ်ခွန်းဆက်အမှာစကား

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်


ဒီနေ့ပြုလုပ်ကျင်းပသည့် Online အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ EAO UPDJC  အဖွဲ့ဝင်ခေါင်းဆောင်များ၊ နည်းပညာအထောက်အကူပြုများနဲ့ ရုံး အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့် စုံကြပါစေလို့  ဦးစွာနှုတ်ခွန်းဆက်သပါတယ်။

COVID (19) ကပ်ရောဂါ ကူးစက်မှုကြောင့် တစ်နေရာတည်းစုထိုင်ပြီး မျက်နှာစုံညီအစည်းအဝေး မကျင်းပနိုင် တဲ့အချိန်မှာ အခုလို Online မှတဆင့် EAO UPDJC အစည်းအဝေး ဖြစ်မြောက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြတဲ့ သက်ဆိုင်ရာခေါင်းဆောင်များနဲ့ ရုံးအဖွဲ့သားများကို အထူးကျေးဇူးတင်ရှိ ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပပြီးစီးတဲ့နောက်ပိုင်း မိမိတို့ EAO တစ်ဖွဲ့ချင်းစီအတွင်း ညီလာခံအပေါ် သုံးသပ် ခြင်းတွေ ပြုလုပ်ခဲ့သလို (၅)နှစ်သက်တမ်း ရှိပြီဖြစ်တဲ့ NCA  အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း အသေးစိတ် ပြန်လည် ဆန်းစစ်သုံး သပ်ခဲ့တယ်လို့ ကြားသိရပါတယ်။ အားသာချက်များနဲ့ အားနည်းချက်များအပေါ်အခြေခံပြီး ငြိမ်းချမ်းရေးရှေ့လုပ်ငန်းနဲ့ ပတ် သက်လို့ တစ်ဖွဲ့ချင်းရဲ့ သဘောထား ရပ်တည်ချက်တွေကို ပြန်လည်ချမှတ်မယ်လို့ သိရတယ်။

တစ်ဖွဲ့ချင်းစီမှရရှိလာတဲ့ သဘောထားရပ်တည်ချက်များကို မိမိတို့ NCA-S EAO များအတွင်း ပြန်လည်ဆွေးနွေးပြီး အားလုံးလက်ခံတဲ့ ဘုံသဘောထားကို ချမှတ်သွားကြမယ်လို့ နားလည်ပါတယ်။ ရရှိလာတဲ့ ဘုံသဘောထားကို လက်ကိုင်ပြီး တစ်ဖက်က မိမိတို့ဆွေးနွေးဖော်ဆွေးနွေးဖက်တို့နဲ့ ဆက်လက် ဆွေးနွေး သွားမယ်လို့ သိရတယ်။  အချိန်ယူပြီး သေသေချာချာ ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကိုအခြေခံပြီး ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်ချမှတ်ရမှာဖြစ်လို့  တစ်ဖွဲ့ချင်းအနေနဲ့ရော၊ အစု အဖွဲ့လိုက်အနေနဲ့ပါ မိမိတို့အချင်းချင်းအကြားမှာ ဟန်ချက် ညီစွာ ညှိနှိုင်းပြင်ဆင်ရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ သဘောတူထားတဲ့အတိုင်း  နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ခြင်း၊ ဖက်ဒရယ်တည်ဆောက် ရေးဆိုင်ရာ ၂၀၂၀အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်များ၊ ဖက်ဒရယ်အခြေခံမူများနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ် တွေကို လည်း ဆွေးနွေးပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

ဒီနေ့အစည်းအဝေးမှာ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခင်းအကျင်း၊ အစိုးရသစ်ရဲ့ အနေအ ထား၊ လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးနဲ့ COVID-19 ကပ်ရောဂါအခြေအနေ ကာကွယ်ထိန်းချုပ်ကုသ ရေးတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေးသွားဖို့ ရှိပါတယ်။

ကောင်းမွန်တဲ့ အစည်းအဝေးရလဒ်ရရှိရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါ တယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။