30th NCA-S EAO UPDJC meeting starts in Nay Pyi Taw this morning

  • Topics:

    30th NCA-S EAO UPDJC meeting starts in Nay Pyi Taw this morning

  • Location:

    Nay Pyi Taw, Nay Pyi Taw

  • Category:

    UPDJC

  • Start Date:

    March 11, 2020 09:00 AM

  • End Date:

    March 11, 2020 04:00 PM

  • Share:

Description

30th NCA-S EAO Union Peace Dialogue Joint Committee Meeting started in Nay Pyi Taw this morning. At the meeting, Col. Sai Ngern, the team leader of NCA-S EAO UPDJC delivered the Opening Speech. The Opening Speech of Col. Sai Ngern is expressed below.

18th Union Peace Dialogue Joint Committee will be held in National Reconciliation and Peace Center (NRPC) situated in Nay Pyi Taw tomorrow.

(၃၀) ကြိမ်မြောက် NCA-S EAO UPDJC အစည်းအဝေးတွင် ပြောကြားသည့်

အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ အဖွင့်နှုတ်ခွန်းဆက်စကား

                                                                                             ၂၀၂၀ ခုနှစ်၊ မတ်လ (၁၁) ရက်

(၃၀) ကြိမ်မြောက် NCA-S EAO UPDJC အစည်းအဝေးသို့ တက်ရောက်လာကြတဲ့  NCA-S EAO UPDJC အဖွဲ့ ဝင်များ၊ အထောက်အကူပြုများနှင့် ရုံးအဖွဲ့သားများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။

မနေ့က မတ်လ (၁၀)ရက်နေ့မှာ ကျင်းပတဲ့ (၂၅) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ- UPDJC အတွင်းရေးမှူးများအစည်းအဝေးရလဒ်တွေကို ဒီအစည်းအဝေးမှာ ဆွေးနွေးမှာဖြစ်သလို မနက်ဖြန်ကျင်းပမယ့် (၁၈) ကြိမ်မြောက် UPDJC အစည်းအဝေးအတွက် ဆွေးနွေးမယ့် အကြောင်းအရာတွေကို ပြင်ဆင်ထားရမှာ ဖြစ်ပါ တယ်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ခြင်းကို အတည်ပြုခြင်း၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးအတွက် အတည်ပြုခြင်းနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေး အတွက် လိုအပ်တဲ့ လုပ်ငန်းဆောင်တာကိစ္စအဝဝကို မနက်ဖြန်အစည်းအဝေးမှာ ဆွေးနွေးမယ်လို့ ကြားသိရပါတယ်။ အဲဒါတွေအ တွက် မိမိတို့ဖက်က ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

 (၈)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက် (၈) ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အစိုးရ နှင့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့တွေဟာ ဒီအတောအတွင်းမှာ (၃) ကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးနဲ့ ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခင်းအကျင်း တွေကို ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပါတယ်။

မနက်ဖြန်ကျင်းပမယ့် UPDJC အစည်းအဝေးက နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေရဲ့ ကြိုးပမ်းမှုအောင်မြင်ခြင်းကို ပြသတဲ့အစည်းအဝေးပဲဖြစ်ပါတယ်။ UPDJC အစည်းအဝေးကနေတဆင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများကျင်းပရေးနဲ့ ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေးကို ဆက်လက် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ အလွန် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွေမှာ ပြည်သူလူထုနဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ ထိုက်သင့်သလောက် ပါဝင်လာနိုင်ရေးအတွက် မိမိတို့အနေနဲ့ တွန်း အားပေးဆောင်ရွက်သွားဖို့ လိုအပ်ပါ တယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဟာ NCA စာချုပ်အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်မှာ အဓိကကျတဲ့ ယန္တယားတစ်ခုဖြစ်လို့ မနက်ဖြန် (၁၈) ကြိမ်မြောက် UPDJC  အစည်းအဝေးမှာ ရလဒ်ကောင်းရရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။  ၂၁ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့အားလုံးမှာ ကိုယ်စီတာ ဝန်ရှိကြပါတယ်။ တာဝန်ရှိကြတဲ့အတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ တိုင်းရင်း သားပြည်သူလူထုတစ်ရပ်လုံးလိုလားတဲ့ပန်းတိုင်ဆီ အရောက်လှမ်း ချီတက်သွားရမှာ ဖြစ်ပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အားလုံးနဲ့ လက်တွဲပြီး ဆက်လက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။