29th NCA-S EAO UPDJC Meeting held in Yangon today

  • Topics:

    29th NCA-S EAO UPDJC Meeting held in Yangon today

  • Location:

    Best Western Green Hill Hotel, Yangon, Yangon

  • Category:

    Others

  • Start Date:

    February 19, 2020 09:00 AM

  • End Date:

    February 19, 2020 05:00 PM

  • Share:

Description

29th NCA-S EAO UPDJC has been held in Yangon since this morning. The members of NCA-S EAO UPDJC,  PPWT members as observers and technical assistants are attending the meeting. Col. Sai Ngern, the team leader of NCA-S EAO UPDJC, delivered the opening speech expressed below:

(၂၉) ကြိမ်မြောက် NCA-S EAO UPDJC အစည်းအဝေးတွင် ပြောကြားသည့်

အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ အဖွင့်နှုတ်ခွန်းဆက်စကား

                                                                                  ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်

(၂၉)ကြိမ်မြောက် NCA-S EAO UPDJC အစည်းအဝေးသို့ တက်ရောက်လာကြတဲ့  လေးစားအပ်သော NCA-S EAO UPDJC အဖွဲ့ဝင်များ၊ လေ့လာသူအဖြစ် တက်ရောက် လာကြတဲ့ PPWT မှ အဖွဲ့၀င်များ၊ အထောက်အကူပြုများနှင့် ရုံးအဖွဲ့သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းမြေ့ပျော်ရွှင်ကြပါစေလို့ ဆန္ဒပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။

လေးလတာကာလအတွင်းမှာ မိမိတို့ NCA-S EAO UPDJC အစည်းအဝေးကို ပြန်လည် ခေါ်ယူကျင်းပနိုင်ရေးအတွက် အခက်အခဲများကြားမှ ဝိုင်းဝန်းကြိုးပမ်းပေးကြတဲ့ ခေါင်းဆောင်များကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြော ကြားလိုပါတယ်။

အားလုံးသိတဲ့အတိုင်း (၈)ကြိမ်မြောက် JICMအစည်းအဝေး ဆုံးဖြတ်ချက် (၈) ချက် ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အစိုးရနှင့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့တွေဟာ ဒီလအတွင်းမှာ တရားဝင် (၂) ကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ပြီး ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးအတွက် လိုအပ်တဲ့ တရားဝင်အစည်း အဝေးတွေဖြစ်တဲ့ UPDJC အတွင်းရေးမှူးများအစည်းအဝေး၊ UPDJC အစည်းအဝေး၊ လုပ်ငန်းကော်မတီ အစည်း အဝေး(WC)၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ(ND)များ၊ JMC အစည်းအဝေး၊ JICM အစည်းအဝေးများကို စဉ် ဆက်မပြတ် ကျင်းပသွားဖို့ သဘောတူညီခဲ့ကြလို့ ဒီနေ့လို NCA-S EAO UPDJC အစည်းအဝေးကို ခေါ်ယူကျင်းပ ရခြင်း ဖြစ်ပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ရေး၊ မိမိတို့အတွင်း ကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပရေး၊ UPDJC စုံညီအစည်းအဝေးအတွက် ပြင်ဆင်ရေးစတဲ့ ပြင်ဆင်ရေးလုပ်ငန်းတွေကို ဒီအစည်းအဝေးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ NCA စာချုပ် လက်မှတ်မရေးထိုးရသေးတဲ့ မိမိတို့ ညီနောင် EAOတွေ ပါဝင်လာနိုင်ရေးနဲ့ ပတ်သက်တဲ့ အခင်းအကျင်းတွေကို ပြီးခဲ့တဲ့ အစိုးရညှိနှိုင်းရေး အဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းအစည်းအဝေးက သိရသည့် အစိုးရရဲ့ သဘောထားတွေအပေါ် ဒီအစည်းအဝေးမှာ ပြန်လည် သုံးသပ်ဆွေးနွေးသွားဖို့ လိုအပ်ပါတယ်။

လာမယ့် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွေမှာ ပြည်သူလူထုနဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ သင့်တင့် လျောက်ပတ်စွာ ပိုမိုပါဝင်လာနိုင်ရေး နည်းလမ်းရှာသွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဟာ NCA စာချုပ်အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ ယန္တယားတစ်ခုဖြစ်တဲ့အတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စွာ အောင်မြင် ရေးဟာ UPDJCရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ကြီးကြပ်လမ်းညွှန်မှု၊ သမာသမတ်ကျမှု၊ ဖိဖိစီးစီး လုပ်ငန်းဆောင် ရွက်မှုတို့အပေါ်မှာ များစွာ မူတည်နေလို့ လာမယ့် UPDJC စုံညီအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုကောင်း တွေကို ပြင်ဆင်ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်။ UPDJCအစည်းအဝေး ရလဒ် ကောင်းတွေရရှိရင် ၂၁ ရာစုပင်လုံ အောင်မြင်စွာ ကျင်းပရေးအတွက်လည်း  အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်ဝိုင်းဝန်း ကြိုးပမ်းသွားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။